သူနဲ့ တွေ့တုန်းက သူ့အပြော သူ့သဘောတွေကို သေချာစွာ စစ်ကြော ဝေဘန်ဖို့ အာရုံစိုက်ရန် အတွေးက နည်းနည်းလေးမှ ရောက်ရှိ မလာခဲ့တာ ၀န်ခံရမှာပါ။ ဒါပေမယ့် ပြောပါများလာသော သူနဲ့ သူ့ဝန်ကျင်က အရောင်မျိုးစုံတို့သည် ရင်ထဲသို့ မသိမသာ တိုး၍တိုး၍ ၀င်ရောက်လာသောအခါ ခံစားမှုတို့က နွေလိုပူပြင်းခြင်း မိုးလိုရင်မှာ စွတ်စိုခြင်း ဆောင်းလို တုန်ချမ်းခြင်းတို့ ရာသီလွဲမှားစွာ ရဲရဲတင်းတင်း ဇွတ်အတင်း အပြေးအလွှား ဒုန်းဆိုင်လာတတ်ပြန်ရော။ အခုလည်း သူနဲ့ပတ်သက်တဲ့ ရင်တွင်း နားလည်မှုတွေကို သံသယဆိုတဲ့ ပေါက်ဆိန် ထက်ထက်တစ်လက်က အရှိန်ပြင်းစွာ ထိုးခွဲဘို့ ကြံစည် နေကြပြန်ပြီလေ။ သူနဲ့ငါကြားမှာရှိခဲ့တဲ့ ကတိတွေလည်း အပူချိန် ၁၀၈ ဒီဂရီဖာရင်ဟိုက် အောက်မှာ အထားခံရတဲ့ ရေခဲတုံးတစ်တုံးလို အလျင်အမြန် ပျော်ကျပျောက်ဆုံး သွားကြတာလည်း အံ့သြမှုတွေကို ဆိတ်သုဉ်းစေတာမဆန်းကျယ်တော့ပါ။ မင်းကို မီးလိုမြင်ခဲ့ရင် ကိုယ့်ကို နေလို့မြင်မှာပေါ့ မီးနဲ့နေဟာ နေရာမတူညီပေမယ့် ပူလောင်ခြင်းကတော့ ထပ်တူကျတဲ့ ခံစားချက်သက်သက်ပါ။ ဒို့တွေတူတူ ဆက်လက် ပူလောင်ခံစား လောင်မြိုက်ကြစို့လားကွာ..............
Thursday, April 24, 2008
ဆက်လက်လောင်မြိုက်ကြပါစို့
Subscribe to:
Posts (Atom)