စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းရာမှာ သစ်ပင်ကို ကိုင်းကူး စိုက်သလိုမျိုး အုန်းဆံဖတ်ကို ဖွဆွပြီး ကိုင်းရဲ့ အပေါ်ယံလွှာအား ဓားနဲ့ခြစ်ကာ အုပ်မိုးချည်နှောင်လျက် ရေစွတ်ပေးသလိုမျိုးလုပ်ရပ်တွေကို မက်မက် မောမော လုပ်နေတာ အောင်မြင်မှု အတွက်လား။ အောင်မြင်မှုဆိုရာဝယ် သူ့ဘက်ကိုယ့်ဘက် အများအတွက် ဆိုတဲ့ အမြင်တွေကတော့ တစ်လှေကြီးပါမှာပါ။ ဒါကိုလည်း ထည့်တွက်စဉ်းစားရင် အတ္တသားကောင်လို့ ဆိုကြပေဦး တော့မယ်။ စနစ်နဲ့ သက်ရှိရဲ့ကြားက ပဋိပက္ခတွေကို ဖြေရှင်ချင်ရင် အမုန်းခံရမယ်။ ကဲ့ရဲ့ခံရမယ်။ ရှုတ်ချခံရမယ်။ ချီးမွမ်းခံရမယ်။ သြဘာပေးခံရမယ်။ လေးစားခြင်းခံရမယ်။ ချီးမြှောက်ခြင်း ခံရမယ်။ ခေါင်းဆောင် တင်ခြင်းခံရမယ်။ သမိုင်း မှတ်တိုင်အဖြစ် သတ်မှတ်ခြင်းခံရမယ်။ ဒါက ရနိုင်တဲ့အရာတွေပါ။ နောက်တော့ စနစ်အတွင်း နစ်မျှောကြသူတွေ သူတစ်လူငါတစ်မင်းနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု လှိုင်းတံပိုးအောက်မှာ အသက်ရှူ မှားစရာဖြစ်ရပ်တွေနဲ့ ရတက်အပူတွေလည်း သူ့ကြောင့် ကိုယ့်ကြောင့် ပွားကြရတာပါပဲလေ။ ဒီလိုနဲ့ပေါ့ မနေ့က အတိတ်အကြောင်းနဲ့ ယနေ့ပစ္စုပ္ပန် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြရင် မနက်ဖြန်အနာဂတ်ကို လှပဖို့ ထုဆစ်ကြစို့ရယ်လို့ ဆိုတဲ့ တိုက်တွန်း နိုးဆော်ချက်တွေကို သာယာကြမှာလား၊ ကျေနပ်ကြမှာလား၊ စဉ်းစားကြ မှာလား၊ အချင်းများကြမှာလား၊ တိုင်ပင်ကြမှာလား၊ စတိုင်အသစ်တွေကို ထွင်ကြမှာလား စတဲ့ လားပေါင်းများစွာ တွေထဲ သူရောကိုယ်ရော နစ်မျှောလို့သာနေကြလေပြီ...............
Monday, November 17, 2008
လားပေါင်းများစွာရဲ့ကောက်ကြောင်း...............
Tuesday, November 11, 2008
သူ့ခြေဖ၀ါးအောက် ပြားပြားမှောက်လေသောအခါ
မကြာမီ ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲလာတော့မည့် အခြေအနေ အရပ်ရပ်အပေါ် မျှော်လင့် နေကြကုန်သော လူထု လူတန်းစားများ သည်ကား စိတ်အတွင်း ခံစားမှုကိုယ်စီ ထင်မြင်ချက် အလီလီဖြင့် ပြောဆိုနေကြသည်က တစ်သွယ်၊ မေးမြန်း စူးစမ်းနေသည်က တစ်ဖုံ၊ နှုတ်ဆိတ်ငြိမ်သက်ပြီး ဖြစ်ချင်တာ လေးတွေကို ကျိတ်ဆုတောင်း ကြသည်ကတစ်မျိုး လူတွေရဲ့ရင်ထဲမှာ ဗလောင်ဆူနေကြမှာ အမှန်ပါ။
တစ်ခုတော့ရှိတယ်။ ဒီလို အတွေးမျိုးတွေကပဲ ဖြစ်ရပ်တွေကို သယ်ဆောင်တတ်ကြတာ။ ဒီလိုအတွေး ဒီလိုခံစားချက် တွေဖြစ်တည်လာဖို့ လူတွေ၊ ငွေတွေ၊ အချိန်တွေကို ရက်ရောစွာ စတေးခဲ့ကြရ အောင်မြင်မှု တွေ၊ မေတ္တာတွေ၊ မျှော်လင့်ချက်တွေကို ဂူသွင်းသင်္ဂြိုလ်ခဲ့ကြရပါတယ်။ ဒီလိုနဲ့ စည်းလုံးခြင်း ညီညွတ်ခြင်းနဲ့ တရားမျှတခြင်းတွေအတွက် ပေးဆပ်ခဲ့ကြရတာတွေကို ပကာသန ကင်းမဲ့စွာ ကိုယ်ကျိုးတရား ဗလာနတ္ထိနဲ့ လှုပ်ရှား ဆောင်ရွက်ခဲ့ကြ တာပေါ့။ နောက်ဆုံးတော့ မျက်ရည်တွေ ပေါက်ကွဲမှုတွေနဲ့ ကိုယ့်အကျိုး အများအကျိုး အောက်မှာ ပြားပြားမှောက်ခဲ့ကြပါလေရော..............