Tuesday, May 14, 2013
Monday, May 13, 2013
ကျွန်တော်လည်း လိပ်ပြာသန့်ချင်တယ်
ချစ်စွာသော မိတ်သစ် မိတ်ဟောင်း သူငယ်ချင်း ရောင်းရင်းအပေါင်းတို့ ကြည်သာချမ်းမြေ့ ရွှင်လန်းစွာ နေနိုင်ကြပါစေကြောင်း ဦးစွာ ပထမ ဆုမွန်ကောင်းတောင်းရင် မေတ္တာပို့သအပ်ပါတယ်။ လူ့သဘာဝ ဖြတ်သန်းကြရတဲ့ ဘ၀လမ်းခရီးမှာ ခက်ခဲမှုတွေ အဆင်မပြေမှုတွေ ၀မ်းနည်း ပူဆွေး သောက ပွားရမှုတွေ ရှိကြမှာ အမှန်ပါ။ အဲဒီ ခံစားချက်နဲ့ ပြောင်းပြန် ကြည်နူးမှု၊ ကျေနပ်မှု၊ ၀မ်းသာမှုနဲ့ ပျော်ရွှင်မှု တွေလည်း ကြုံခဲ့ ဆုံခဲ့ ဖြတ်သန်းလွန်မြောက်ခဲ့ကြမှာ ဖြစ်ပါတယ်။
ဘယ်လို အခြေအနေ ဘယ်လို အကြောင်းအရာတွေပဲ ကြုံခဲ့ကြပါစေ ကျွန်တော်တို့တတွေ တစ်ချိန်ချိန်မှာတော့ အချိန်ကြာမြင့်စွာ နေထိုင်ဖြတ်သန်း လုပ်ကိုင်ခဲ့တဲ့ နေရာဒေသ ပတ်ဝန်းကျင်တွေကို ထားရစ်ခဲ့ကြရမှာပါ။ အဲဒီလို ကျောခိုင်းခဲ့ကြရင်ဖြင့် ကျန်ခဲ့သူတွေရဲ့ တမ်းတမှုတွေ ပြန်လည် အမှတ်တရ အမွှမ်းတင်စကားတွေ အခြားအခြားသော မှတ်ချက်ပြုတာတွေကို ကျွန်တော်တို့ သိနိုင် မြင်နိုင် ကြားနိုင်တော့မှာ မဟုတ်ပါဘူး။ ဘယ်လိုပင် ဖြစ်ပါစေ ကျွန်တော်တို့ ထားခဲ့ရမယ့် အမှတ်တရတွေအတွက် အသက်ရှင်စဉ်မှာရော သေဆုံးလမ်းခွဲသွားချိန်မှာပါ ကျွန်တော်တို့ လိပ်ပြာသန့်ဖို့လိုပါတယ်။ ကျွန်တော်လည်း အဲဒါတွေအတွက် လိပ်ပြာသန့်ချင်ပါတယ်။

Subscribe to:
Posts (Atom)