အတုမရှိ မြတ်ဗုဒ္ဓ
အဆုံးမဲ့တဲ့ သံသရာ အကြောင်း
ရှင်းလင်းစွာ ထုတ်ဖော်ပြသခဲ့
ခရီးဆုံးမှတ်တိုင်ကို အရောက်သွားတဲ့ နည်းလမ်းတွေကို
မှန်ကန်တိကျ ချပြ ရှင်းလင်းခဲ့
မြတ်ဗုဒ္ဓရဲ့ အဆုံးအမအောက်
သတ္တ၀ါအားလုံး ရောက်ပါမှ
ငြိမ်းချမ်းခြင်းရဲ့ ပြယုဂ်တွေကို
ခေတ်အဆက်ဆက် ဘ၀အဆက်ဆက်
ထင်ထင်ရှားရှား သက်သေပြနိုင်မှာလို့
ယူဆမိတဲ့ ကျွန်တော်
အတ္တတွေပါခဲ့ရင်လည်း
ဖြူစင်တဲ့ အတ္တ
သန့်ရှင်းတဲ့ အတ္တ
တပ်မက်မှုကင်းတဲ့ အတ္တ
အနတ္တလမ်းသို့ သွားရာလမ်းစ ဖြစ်စေတဲ့ အတ္တ
အဓိပ္ပာယ်ပေါင်း မြောက်မြားစွာထဲက အစဉ် မုဒိတာတွေနဲ့ အတ္တ..........များစွာဖြင့်
မြင့်ကျော်
No comments:
Post a Comment