လျင်မြန်စွာ ပြောင်းလဲ
တိုးတက်နေသော ကျွန်တော်တို့ ကမ္ဘာကြီးတွင် မီဒီယာ၏ အခန်းကဏ္ဍသည် လူသား အားလုံး အတွက်
အကျိုးသက်ရောက်မှု မြင့်မားလာပြီ ဖြစ်သည်။ မီဒီယာ၏ အရေးပါမှုများ တွင် ခေတ်သစ်
မီဒီယာ ဖြစ်သော Online Media သည် ယနေ့ခေတ်တွင် လူတို့၏ နေ့စဉ်ဘ၀များ အပေါ်
သက်ရောက်မှု အရှိဆုံး ထိရောက်မှု အရှိဆုံးနှင့် ပျံ့နှံ့မှု အမြန်ဆန်ဆုံး အခြေအနေ
သို့ ရောက်ရှိလာပြီ ဟုလည်း ဆိုနိုင်ပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း ၇၁၁၄
သန်းရှိပြီ ဖြစ်ပြီး ယနေ့ အင်တာနက် သုံးစွဲနေသူ စုစုပေါင်းမှာ ၂၄၀၅ သန်းကျော်
ရှိနေပြီ ဖြစ်သည်။
အာရှတိုက်သည် ယနေ့
အချိန်အခါတွင် အင်တာနက် သုံးစွဲသူ သန်းပေါင်း ၁၀၇၇သန်းခန့် ရှိပြီး ၄၄.၈% ဖြင့်
ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အများဆုံ ဖြစ်သည်။ လွန်ခဲ့သည့်
နှစ်ပေါင်း(၅၀၀)ကျော် က စတင် ပေါ်ပေါက် လာခဲ့သည့် လူထု ဆက်သွယ်ရေး မီဒီယာသည်
နည်းပညာ တိုးတက် ပြောင်းလဲလာမှုနှင့် အတူ သိသိသာသာ ကျုယ်ပြန့် လာခဲ့ပြီ ဖြစ်သည်။
သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဓာတ်ပုံများ၊ အသံမှတ်တမ်း ရယူခြင်း၊ ရုပ်ရှင်များ၊
ရေဒီယို၊ ရုပ်မြင်သံကြားတို့ မှသည် ယနေ့ခေတ် Online Media ခေါ် အင်တာနက်နှင့်
လူမှုမီဒီယာ (Social Media) ခေတ်သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေး၊
စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုပ်ငန်းခွင်၊ အားလပ်ချိန်၊
ဖျော်ဖြေရေး၊ ခရီးသွားခြင်း၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် Online Media
သည် ကျယ်ပြန့် မြင့်မားစွာ ပါဝင်ပတ်သက် လာပြီဖြစ်သည်။ ယနေ့ အချိန်အခါတွင်
ကျွန်တော်တို့၏ နေ့စဉ် လူမှုဘဝများကို ထိန်းကျောင်းရန် ဆက်သွယ်ရေးနှင့် သတင်း
အချက်အလက် များပေါ်တွင် မှီခိုနေကြရ သည်။ လိုအပ်သော သတင်းများ ရရှိရန် သတင်းစာ
ဖတ်ခြင်း၊ ရုပ်မြင်သံကြား ကြည့်ခြင်း၊ လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ Email
အသုံးပြုခြင်း၊ အစည်းအဝေး တက်ခြင်း၊ ဖုန်းပြောဆိုခြင်း အစရှိသော လူမှုပုံမှန်
လုပ်ရိုးလုပ်စဉ်များကို လူထု ဆက်သွယ်ရေး မီဒီယာမှ ရရှိသော သတင်း အချက်အလက်များ
အပေါ် မူတည်ပြီး ဆုံးဖြတ်ချက် ချခြင်းတို့သည် ယနေ့အချိန်တွင် အလေ့အထ တစ်ခု သဖွယ်
ဖြစ်လာပြီး ယင်းကို Online Media ယဉ်ကျေးမှု တစ်ရပ်ဟုပင် ဆိုနိုင်သည့် အခြေအနေ သို့
ရောက်ရှိ လာပြီ ဖြစ်ပါသည်။
လူသားတို့ နေ့စဉ်
လုပ်ဆောင်နေသည့် ဆုံးဖြတ်ချက်များ၊ ယုံကြည်မှုများနှင့် လုပ်ငန်းစဉ်များ၏ တန်ဖိုး
များသည် သတင်း အချက်အလက်များ၊ ကိုယ်ပိုင် ပညာ အရည်အချင်း၊ အတွေ့အကြုံနှင့် အယူအဆများ
အပေါ်တွင် အခြေခံပြီး စဉ်းစားရသည့် အခြေအနေတွင် ရှိနေပါသည်။ မိမိတို့အတွက်
အရေးကြီးသည့် သတင်း၊ သိသင့်သိထိုက်သည့် သတင်းနှင့် လက်တလော ဖြစ်ပေါ်နေသည့်
ထူးခြားသည့် (Popular) သတင်းများ အတွက် လူထု ဆက်သွယ်ရေး မီဒီယာ အပေါ်တွင်
ကျွန်တော်တို့ အားထားနေကြ ရသည်။ သတင်း အချက်အလက်၊ ပညာရေး (အသိပညာ)နှင့်
ဖျော်ဖြေရေးတို့ အတွက် အားကိုးရာ တစ်ခု အနေဖြင့် မီဒီယာကို ကျွန်တော်တို့ အသုံးချ
နေကြရသည်။ မည်သည့် အတွက်ကြောင့် မီဒီယာက ကျွန်တော်တို့ အပေါ်တွင် သြဇာသက်ရောက်
နေရသည်ကို ကျွန်တော်တို့ စဉ်းစားကြည့်သင့် ပါသည်။
မီဒီယာ၏ သြဇာကြီးမားမှု
အတိုင်းအတာသည် မီဒီယာ၏ ပျံ့နှံ့ ရောက်ရှိမှုနှင့် ပြည်သူများ လက်ခံရရှိနိုင်မှု
အပေါ်တွင် မူတည်နေပါသည်။ မီဒီယာသည် လူသားတို့၏ စိတ်ကို ပြောင်းလဲစေရန်
သိမ်မွေ့နူးညံ့စွာဖြင့် ဆွဲဆောင် စည်းရုံး နိုင်သည့် လက်နက်ဖြစ်သည် ဟုပင်
ဆိုကြပါသည်။ သမားရိုးကျ လူထု ဆက်သွယ်ရေး မီဒီယာ အားလုံးသည် ကျွန်တော်တို့၏ နေ့စဉ်
လူနေမှု ဘဝအပေါ်တွင် သြဇာကြီးမား နေဆဲဖြစ်သည်။ စာအုပ်များသည် တစ်ချိန်က သြဇာကြီးမား
ခဲ့ပါသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ စာအုပ်များသည် သတင်းစာများ၊ မဂ္ဂဇင်းများ၊
ရေဒီယိုနှင့် ရုပ်မြင်သံကြားများထက် အချိန်ကာ လ စောစွာ ပေါ်ပေါက် လာခဲ့ခြင်းကြောင့်
ဖြစ်ပါသည်။ စာအုပ်များ ပေါ်လာ ပြီးနောက် သတင်းစာများနှင့် မဂ္ဂဇင်းများသည်
သြဇာကြီးသည့် လူထု ဆက်သွယ်ရေး မီဒီယာများ ဖြစ်လာခဲ့သည်။ အသံမှတ်တမ်းနှင့်
ရုပ်ရှင်များ သည်လည်း သြဇာ ကြီးမားခဲ့ပြီးး ယနေ့အချိန်ထိ သြဇာကြီးနေဆဲလည်း
ဖြစ်သည်။ ရေဒီယိုနှင့် ရုပ်မြင် သံကြား တို့သည်လည်း အလွန်ပင် သြဇာညောင်းခဲ့ပါသည်။
၂၀ ရာစု ကုန်တွင် ဈေးကွက်၊ ယုံကြည် ကိုးကွယ်မှု၊ နာကျဉ်မှု၊ လိင်ပိုင်းဆိုင်ရာ၊
အကြမ်းဖက် မှု၊ ရေပန်းစားမှု စသည်တို့၏ ပုံရိပ်များသည် လူသားများအပေါ် များစွာ
လွှမ်းမိုးခဲ့ပါသည်။ ၂၁ ရာစုတွင် Online Media ပေါ်ပေါက်လာခဲ့ပြီး World Wide Web
စသည့် အင်တာနက်သည် Blog များ၊ Wiki များ၊ Social Network များ စသည့်ပုံစံ
အမျိုးမျိုးဖြင့် ကျွန်တော်တို့၏ နေ့စဉ်လူမှု ဘဝအပေါ် လွှမ်းမိုး လာခဲ့ပါသည်။
ထို့ကြောင့် ကျွန်တော် တို့ နေ့စဉ်ကြုံတွေ့ နေရသည့် အရာများကို သတိထားရန် အရေးကြီး
လာခဲ့ပါသည်။ အကြောင်းအရာ တစ်ခုကို မီဒီယာတစ်ခုတည်း၏ ရှုထောင့် တစ်ခုထဲမှ မဟုတ်ဘဲ
ရှုထောင့်ေ ပါင်းစုံမှ ကြည့်မြင်တတ်ရန် လိုအပ်လာ ပါသည်။
ကမ္ဘာပေါ်တွင် မီဒီယာ
အသုံးချမှု ပုံစံများ ပြောင်းလဲ တိုးတက် လာမှုများကြောင့် ကျွန်တော် တို့ နိုင်ငံ
တွင်လည်း မျက်မှောက် ကာလတွင် နိုင်ငံတော် အစိုးရ ၀န်ကြီးဌာနများ၊
လွှတ်တော်များနှင့် လူမှုအဖွဲ့ အစည်းများ သည်လည်း ပြည်သူ အကျိုးကို အလေးထား
ဆောင်ရွက်နေသော Online ၀န်ဆောင် မှုဖြစ်သည့် Web Portal များ Website များဖြင့်
အရှိန် အဟုန် မြင့်မားစွာ ဆောင်ရွက်ပေးလျက် ရှိသည်။
ဒီမိုကရေစီ စနစ်ကို
စတင်ချိန်မှ အစပြု၍ ပြန်ကြားရေး ၀န်ကြီးဌာနသည် ရုပ်မြင်သံကြား ထုတ်လွှင့်မှု၊
ရေဒီယို အသံလွှင့်မှုပိုင်းတွင် ပြည်သူဗဟိုပြု ရုပ်သံလွှင့် ပုံစံကို အလျင် အမြန်
ပြောင်းလဲ ဖော်ဆောင် ခဲ့ပါသည်။ နိုင်ငံတော် အတွင်း ဖြစ်ပေါ်နေသော အရေးပေါ်
အခြေအနေနှင့် ထူးခြားဖြစ်စဉ် အားလုံးကို အချိန်မဆိုင်းဘဲ ပြည်သူများ
သတင်းမှန် သိရှိရေး အစွမ်းကုန် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ရုပ်သံလွှင့် ပိုင်းတွင်
Public Service Broadcasting အဖြစ် အရှိန်မြင့်မားစွာ အကောင်အထည်
ဖော်လျက်ရှိစဉ်မှာပင် တစ်ဖက်တွင်လည်း Online ပေါ်မှ ရုပ်မြင်သံကြားနှင့်
အသံလွှင့်ခြင်း များကို ကြည့်ရှု နား ဆင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ ပါသည်။ ထို့ကြောင့်
ယနေ့ အချိန်တွင် အင်တာနက် တပ်ဆင်ထားသော ကွန်ပျူတာများ၊ Mobile ဖုန်းများ၊ Smart
ဖုန်းများ၊ Android ဖုန်းများနှင့် Tablet များပေါ်မှ ပြန်ကြားရေး ၀န်ကြီးဌာနမှ
ထုတ်လွှင့်နေသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များ၊ မြန်မာ့ရေဒီယို ကဏ္ဍများကို ကြည့်ရှု နားဆင်နိုင်ပြီ လည်း ဖြစ်ပါသည်။ သတင်းစာ ပိုင်းတွင် လည်း
နေ့စဉ်ထုတ် မြန်မာ့ အလင်း၊ ကြေးမုံနှင့် The News Light of Myanmar
သတင်းစာများတွင် ပြည်သူကို ဗဟိုပြုသော သတင်းများဖြင့် ဝေေ၀ဆာဆာ ဖော်ပြလျက်ရှိပြီး
နေ့စဉ်လူမှု ဘ၀များနှင့် ပတ်သက် စပ်ဆိုင်သော သတင်းများကို ဦးစားပေးလျက် Public
Service Newspapers များအဖြစ် အကောင် အထည် ဖော်ဆောင် လျက် ရှိပါသည်။
ယင်းသတင်းစာများ ကိုလည်း အင်တာနက်ပေါ်တွင် အလွယ်တကူ ကြည့်ရှုနိုင်ရေး အတွက်လည်း
ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးခဲ့ ပါသည်။
ယနေ့ မျက်မှောက်
ခေတ်ကာလတွင် ပြည်သူလူထု ဗဟိုပြုစနစ်ဖြင့် ပြည်သူများ အချိန်နှင့် တစ်ပြေး ညီ
နိုင်ငံတော် တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို သိရှိနိုင်ရေး အတွက်လည်းကောင်း
အစိုးရ အနေဖြင့် ပြည်သူများကို Internet မှတစ်ဆင့် Online ဝန်ဆောင်မှုများဖြင့်
ဆောင်ရွက်ပေးလျက် ရှိပါသည်။ စာအုပ် စာစောင်များကို အချိန်နှင့် တစ်ပြေးညီ
ဖတ်ရှုနိုင်ခြင်း မရှိသော ဒေသများ အားလုံးကို mobile မှတဆင့် သတင်းများ၊
ဗဟုသုတများ၊ ဆောင်းပါးများ၊ နည်းပညာများ အစရှိသည်တို့ကို online တွင်ကြည့်ရှုခြင်း၊
download ချကြည့်ရှုခြင်း များကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ နိုင်ငံတော်
အစိုးရသစ် လက်ထက်တွင် တစ်နိုင်ငံလုံး သတင်းမှန်များကို အချိန်နှင့် တစ်ပြေးညီ
ရရှိပြီး အသိမှန်၊ အလုပ်မှန်၊ မြန်ဆန် ထိရောက်စွာ ဆောင်ရွက် နိုင်စေရန်အတွက်
Internet လိုင်းများကို အဆင့်မြှင့် တင် ပေးခြင်း၊ Mobile ဖုန်းများမှတဆင့်
internet အသုံးပြုနိုင်ရန် အတွက်များပါ ဆောင်ရွက် ပေးခဲ့သည်။ ၀န်ကြီးဌာနများ
အနေဖြင့်လည်း ပြည်သူများ အတွက် Online Media မှ သတင်းများ၊ ပြည်သူ့ ၀န်ဆောင်မှုများကို
အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်။ အစိုးရ ၀န်ကြီးဌာနများမှ Online
ဝန်ဆောင် မှု ပေးလျက်ရှိပြီး ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတော်
အစိုးရနှင့် လွှတ်တော်များ၏ သတင်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်
အစိုးရများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင်ရတိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ
ဒေသများ၏ သတင်းများ၊ ပြည်တွင်း/ ပြည်ပနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲ နေသော
သတင်း များ၊ ပြည်သူလူထုများ၏ အကြံပြု ချက်များ ပေးပို့ခြင်း၊ မတရားမှုများကို
တိုင်ကြားခြင်းစသော ကဏ္ဍများ အပြင် သုတ၊ ရသ၊ နည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊
ကုန်သွယ်ရေး၊ ကုန်ဈေးနှုန်း၊ ငွေကြေး လဲလှယ်မှု ဈေးနှုန်းနှင့် ဆောင်းပါး
ကဏ္ဍများကို မကျန် ပြည်သူများ သိရှိနိုင်ရန် ဝန်ဆောင် မှု ပေးလျက်ရှိပါသည်။ ထို့ပြင်
ဝန်ကြီးဌာန၏ လိုအပ်သော ပစ္စည်းများ လုပ်ကိုင်ဝယ်ယူရေး အတွက် တင်ဒါခေါ်ယူမှု၊
တင်ဒါအောင်မြင်မှုများကိုလည်း ပွင့်လင်းမြင်သာစွာ အချိန်နှင့် တစ်ပြေးညီ Web Portal
တွင် ထုတ်လွှင့်ပေးလျက်ရှိပါသည်။
နိုင်ငံတော် သမ္မတကြီး၏
လမ်းညွှန်ချက်အရ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၊ ကိုယ်ပိုင်
အုပ်ချုပ်ခွင်ရ တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အနေဖြင့်
ပြန်ကြားရေး ၀န်ကြီးဌာန Web Portal ပေါ်တွင် သတင်းများ လွှင့်တင်နိုင်ရေး အတွက်
စီစဉ် ဆောင်ရွက်ပေးခဲ့ ပါသည်။ ထို့ကြောင့် ယနေ့ အချိန်အခါတွင် ပြည်သူများ အနေဖြင့်
အစိုးရ ၀န်ကြီးဌာနများ၏ သတင်းများ၊ တိုင်းဒေသကြီး /ပြည်နယ် အစိုးရများ၏
သတင်းများနှင့် ဝေးလံသော ဒေသများမှ သတင်းများ ကို ပြန်ကြားရေး ၀န်ကြီးဌာန Web
Portal ပေါ်တွင် ကြည့်ရှု နိုင်ပြီဖြစ် ပါသည်။
ပြန်ကြားရေး ၀န်ကြီးဌာန၏
Web Portal မှ Online ၀န်ဆောင်မှုကြောင့် ပြည်သူများ ခေတ်နှင့်အညီ ရင်ဘောင်တန်း
နိုင်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက် ဖွံ့ဖြိုးလာခြင်း၊ လုပ်ကြံ
ဖန်တီးသော သတင်းများမှ သူတစ်ပါး၏ လိမ်လည်လှည့်ဖြားမှု မခံရခြင်း၊ သတင်းမှန်
ရရှိခြင်း စသော အကျိုးကျေးဇူး များရရှိစေ ပါသည်။ ထိုဝန်ဆောင်မှု များကို
နေ့စဉ်မပျက် ရရှိနေခြင်းဖြင့် မမှန်မကန် သတင်းများ၊ လုပ်ကြံ ဖန်တီးမှု များကို
ပြည်သူများ အနေဖြင့် ရှောင်ရှား နိုင်မည်ဖြစ်ပြီး ကောလာဟလ သတင်း များ ပြင်ပ တွင်
ဖြစ်ပေါ်နေ သော်လည်း နိုင်ငံတော် အစိုးရမှ လွှင့်တင်ထားသော WEB PORTAL များ၊ Website
များ နှင့် Social media များတွင် သတင်းမှန်၊ ဖြစ်ရပ်မှန်များကို အချိန်နှင့်
တစ်ပြေးညီ လွှင့်တင်ပေးလျက် ရှိခြင်းကြောင့် မလိုလား အပ်သော ပြဿနာများနှင့်
အထင်မှား အမြင်လွဲမှု များကြောင့် ဖြစ်ပေါ်နိုင်သော အခြေအနေများကို
ရှောင်ရှားနိုင် မည် ဖြစ်ပါ သည်။
ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့်
ပြည်သူကို ဗဟိုပြုသော Public Service Broadcasting နှင့် Public Service
Newspapers များကို မြန်ဆန် သွက်လက်စွာ ပြောင်းလဲ အကောင်အထည် ဖော်လျက်ရှိပါသည်။
ထို့ပြင် ကမ္ဘာပေါ်တွင် မြန်ဆန် သွက်လက်စွာ ဖွံ့ဖြိုးတိုးတက် လာသော Online Media
ဖြင့် ပြည်သူ လူထုအကျိုးပြု Public Service Online Media အသွင် သဏ္ဍာန်ဖြင့်
အနှစ်သာရ ပြည့်ဝစွာ ဖြည့် ဆည်း ဖော်ဆောင်ပေး လျက်ရှိပါသည်။ မတူညီသော
သတင်းရင်းမြစ်များကို ပြန်ကြားရေး ၀န်ကြီးဌာန Web Portal တွင် စုစည်းပြီး
ပြည်သူများလွယ်ကူ လျင်မြန်စွာ သိရှိနိုင်ရေးအတွက် ဖော်ပြပေးလျက် ရှိပါသည်။ ထိုသို့
ပြည်သူ ဗဟိုပြု သတင်းများ စုစည်းဖော်ပြရာတွင် ပြည်သူများအနေဖြင့် အင်တာနက် Online
ပေါ်မှ အကန့်အသတ်မရှိ အဆင်ပြေစွာ ကြည့်ရှုနိုင်ရန် အတွက် Desktop ကွန်ပျူတာများဖြင့်
ကြည့်ရှုနိုင်သည် သာမက Mobile ဖုန်းများ၊ Smart ဖုန်းများ၊ Android ဖုန်းများနှင့်
Tablet များပေါ်မှ ကြည့်ရှု နိုင်စေရန် APK စနစ်ဖြင့် ၀န်ဆောင်မှု ပေးလျက် ရှိပါသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ Myanmar International မြန်မာ့အသံရေဒီယို
အစီအစဉ်များ ကိုလည်း အင်တာနက် ပေါ်မှ တိုက်ရိုက် ကြည့်ရှု နိုင်ရန် စီစဉ်ဆောင်ရွက်
ထားရှိပြီး ဖြစ်သည်။ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar
သတင်းစာများ ကိုလည်း နေ့စဉ် နံနက် (၇)နာရီမှစ၍ အင်တာနက် ချိတ်ဆက် ထားသော Desktop
ကွန်ပျူတာများ ပေါ်မှ လည်းကောင်း၊ Mobile ဖုန်းများ၊ Smart ဖုန်းများ၊
Android ဖုန်းများနှင့် Tablet များပေါ်မှလည်း အလွယ်တကူ ဖတ်ရှုခြင်းနှင့် Download
ရယူနိုင် စေရန် ၀န်ဆောင်မှု ပေး ထားပြီး ဖြစ်ပါသည်။
ပြန်ကြားရေး
ဝန်ကြီးဌာနအနေဖြင့် Web Portal တွင် ပြည်သူများ အတွက် အစဉ်လေ့လာ စဉ်းစားပြီး
သတင်း များ၊ တွေ့ဆုံ မေးမြန်းခန်းများ၊ သတင်းစာရှင်းလင်းပွဲများ၊ ဆောင်းပါးများ၊
ထုတ်ပြန် ကြေညာချက်များ၊ ဥပဒေများနှင့် ဥပဒေကြမ်းများ၊ ပြည်သူ့ဝန်ဆောင်မှု
လုပ်ငန်းစဉ်များကို Online ပေါ်မှ ဆောင် ရွက် နိုင်ရေးနှင့် နိုင်ငံတကာနှင့်
ဆက်သွယ် ဆောင်ရွက်ရာတွင် Web Portal တွင် ချိတ်ဆက်ေ ဆာင်ရွက်နိုင်ရေး အစွမ်းကုန်
ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ပါသည်။ ပြန်ကြားရေး ၀န်ကြီးဌာန Web Portal ၏ အားထုတ်
ကြိုးပမ်းမှု အားလုံးသည် ပြည်သူများ၏ အကျိုး အတွက် ဖြစ်သောကြောင့် Public Service
Online Media ကို ဖော်ဆောင်ရင်း ပြည်သူ့ဝန်ဆောင်မှုကို အပြည့် အ၀ ဆောင်ကျဉ်းပေး
လျက် ရှိနေခြင်း ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
No comments:
Post a Comment