Monday, October 12, 2009

နောက်လှည့် မရတဲ့လမ်း

ကျွန်တော့်ရဲ့ ဘလော့ဂ်လေးကို မလုပ်ဖြစ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အလုပ်တွေ များနေ တာရယ်....နောက် ဟိုတစ်စ ဒီတစ်စ စုစည်းလို့ မရတဲ့ အတွေးမျှင်တန်းတွေရယ်ကြောင့် အရှိန်တန့် နှေးကွေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ရင်ထဲမှာရှိတဲ့ အဖြစ်သနစ်တွေရယ် အပိုင်းအစအဖြစ် ကြေမွ အက်ကွဲခဲ့ရတဲ့ ခံစားချက် အတိတ်ပုံရိပ်တွေရယ်ကိုတော့ သေသပ် ကျန လှပစွာ တင်ပြလိုတာလည်း ကျွန်တော့်ရဲ့ ထိပ်ဆုံးက အဓိက ဆန္ဒ တစ်ခုပါ။ အောင်မြင်ခြင်းနဲ့ ဆုံးရှုံးခြင်းကြားက အချိန်တွေမှာ မှိန်းမော ယစ်မူးနေစေတဲ့ ပတ်ဝန်းကျင် အနံ့အသက်တွေကို ကျွန်တော် မြတ်မြတ်နိုးနိုး တွယ်တာ ခဲ့ဖူးတယ်။ အတင်း ဆုပ်ကိုက် ဖက်တွယ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ရလိုက်တဲ့ လက်ဆုပ် လက်ကိုင်ပြစရာတွေကတော့ ရွံရှာဖြင်း စက်ဆုပ် ခြင်းနဲ့ ခါးသီးတဲ့ အကြည့်ရိုင်းရိုင်း တွေရယ်သာ ဖြစ်ပါ တယ်။ ဘယ်လို ဘယ်ပုံ ဖြစ်ခဲ့ တွေ့ခဲ့ ခံစားခဲ့ ကျော်လွှားခဲ့ ပါစေ ကျွန်တော့် အတွက် တစ်ဖက်သားအတွက် အားလုံးအတွက် ဆိုတာတွေနဲ့ ဝေးကွာလှတဲ့ ကျဉ်းမြောင်းကျပ်တည်း သော အမြင်တွေရှိရာကို ကျွန်တော် တစ်ရွေ့ရွေ့နဲ့ ရင်နင့်စွာ ချဉ်းကပ် တိုးဝင်သွားပါ တော့မယ်။ အားလုံးကို နားလည်ပါရစေ........ အားလုံးကို စာနာတတ်ပါရစေ....... အားလုံးကို အမြင်ရှင်းပါရစေ............

No comments: